Local News

ထောပတ်ပဲဈေးကွက်အခြေအနေ

Last Updated:

ထောပတ်ပဲသီးနှံကို  မိုးသီးနှံအဖြစ် ဇွန် နှင့် ဇူလိုင်လ များမှာစိုက်ပျိုး၍ အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင်ထွက်ပေါ်ပြီး၊ ဆောင်းသီးနှံကို အောက်တိုဘာနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကာ ဖေဖော်ဝါရီနှင့် မတ်လများတွင် ထွက်ပေါ်လေ့ရှိသည်။ ထောပတ်ပဲသည် ပြည်တွင်း နေ့စဉ်စားသုံးမှုရှိသည့်စားတော်ပဲပြုတ်ပြီးလျှင် ထောပတ်ပဲပြုတ်သည်လည်း စားသုံးမှုအများဆုံး ဖြစ်သည်။ ပဲကြော်၊ ပဲလှော်အဖြစ်အသုံးပြုခြင်းရှိသည့်အပြင်  ပြည်ပသို့လည်းတင်ပို့လျက်ရှိသည့် လယ်ယာထွက်ကုန် သီးနှံတစ်မျိုးဖြစ်သည်။

မန္တလေးကုန်စည်ဒိုင် ဈေးကွက်သို့ တိုင်းတွင်းထွက်ရှိသည့် ထောပတ်ပဲများအား အရွယ် အစားအလိုက် အကြီး၊ အလတ်၊ အသေးစသည်ဖြင့် ရောင်းဝယ်မှုရှိပြီး၊ မေလနောက်ဆုံးပတ်တွင် ပဲထောပတ်အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။

မေလ နောက်ဆုံးပတ်တွင် ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ် လျှင် ယခုတစ်ပတ် / ယခင်တစ်ပတ် ၃၁၅၀၀၀ကျပ်မှ ၃၂၀၀၀၀ကျပ် ယခင်လ ၃၀၀၀၀၀ကျပ် မှ ၃၁၅၀၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်၅၀၀၀ကျပ်မှ ၁၅၀၀၀ကျပ် ဈေးမြင့်လာသည်။

ထောပတ်ပဲ(လတ်)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၈၀၀၀၀ကျပ် မှ ၂၉၅၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၈၀၀၀၀ကျပ်မှ ၂၉၀၀၀၀ကျပ်၊ ယခင်လ ၂၈၀၀၀၀ကျပ် မှ ၂၈၅၀၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ကျပ်၊ ယခင်လထက် ၁၀၀၀၀ကျပ် ဈေးမြင့် လာသည်။

ထောပတ်ပဲ(သေး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၂၉၅၀၀ကျပ် မှ ၂၉၈၀၀၀ကျပ်၊ ယခင်တစ်ပတ် ၂၉၈၀၀၀ကျပ်၊ ယခင်လတွင် ၂၇၅၀၀၀ကျပ်မှ ၂၈၅၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီ၊ ယခင်လထက် ၁၃၀၀၀ကျပ်မှ ၂၀၀၀၀ကျပ် ဈေးမြင့်လာသည်။

Category: Local News